sgp

sgp

Tuesday, October 24, 2017

Camera ရိုက်မရခြင်းကို ဖြေရှင်းကြည့်ရအောင်



Camera ထဲကိုဝင်လိုက်လျှင် Background App တစ်ခုခု Run နေ၍
မပွင့်ဘူး ဟူ၍လည်းကောင်း၊ Camera ထဲဝင်လိုက်လျှင် စက်ပိတ်သွားခြင်း
ဟူ၍လည်းကောင်း အဖြစ်များသည်ကို တွေ့ရပါသည်။
ဒီနေရာမှာ Software တစ်ခုခု ငြိနေတာက လာလွဲ၍ Software နဲ့ဖြေရှင်းလို့
ရခြင်းရ မရပါက Hardware ပိုင်းပျက်တာကများလေသည်။
Camera ထဲဝင်သွားလျှင် ပိတ်သွားခြင်းက Hardware ပိုင်းသေချာသလောက်
ရှိပေသည်။ ၄င်းအပိုင်းမှာ Camera အလုပ်လုပ်ရန် စက်တက်ပြီးမှ လိုအပ်သည့်
အခါ ဖွင့်ပြီးသုံးသည့်အတွက် Camera အလုပ်လုပ်ရန် Volt နှင့် Data,Clk,Reset
လိုင်းများလိုအပ်ပါသည်။အတွေ့အကြုံ့အရ ရေ၀င်ထားခြင်းမဟုတ်လျှင်
Data,Clk,Reset လိုင်းများပျက်ခဲပါသည်။ ရှေ့မှာဖော်ပြထားသည့် ပြသာနာအတွက်
တော့ Volt လိုင်းကြောင်းကအပျက်များဆုံးဖြစ်လေသည်။ Camera အလုပ်လုပ်ရန်
ဗို့အားပေးသွင်းသည့် Filter Condenser များရှော့ခ်ဖြစ်နေခြင်းကြောင့်ဖြစ်လေသည်။
Camera စတင်အလုပ်လုပ်တော့မည့်ဆိုတာနဲ့ Camera ဖွင့်ရန် Volt လိုအပ်ပေသည်
၎င်းဗို့ကို Camera စဖွင့်သည့်အခါမှာ Power ic က စတင်ထုတ်ပေးလေသည်။
၎င်းလမ်းကြောင်းကို Volt ပေးသည့်အခါ ၄င်းလမ်းကြောင်းပေါ်မှာ ရှိနေသည့်
င်္Filter C သည့်ရှော့ခ်ဖြစ်နေခြင်းကြောင့် Camera ပွင့်မလာပဲ ပိတ်သွားခြင်းပင်ဖြစ်ပါသည်။
အကယ်၍သာ ကောင်းမွန်သော ဗို့အားပေးသွင်းမှုကိုရရှိပါက Reset လမ်းကြောင်းများ
Clock လမ်းကြောင်းများ CPU ကပို့လွတ်လိုက်သည့် Data လမ်းကြောင်းများ
စတင်အလုပ်လုပ်ပြီး Camera စတင်သုံးစွဲလို့ရမည်ဖြစ်သည်။ ဒီအပြင် တခြားလမ်းကြောင်း
၏လုပ်ဆောင်ချက်များ ကျန်နေပါသေးသည်။ စာရှည်ပြီးလေးနေမှာဆိုး၍ မဖော်ပြတော့ပါ။
ဒီပြသာနာမျိုးဖြစ်ပေါ်လာပါက ဖြေရှင်းတဲ့ပုံစံကို ပထမဖော်ပြပြီးဖြစ်သည်။
Wall ထဲသာ ၀င်မွှေကြည့်ပါမိတ်ဆွေ....

နောက်အဖြစ်များသည် ပြစ်ချက်က Camera ပွင့်လိုက်လျှင် Warning Message ပေါ်၍
Backgroud App တစ်ခုခု ငြိနေသည့် ပုံစံမျိုးဖြင့်ဖော်ပြပြီး Camera ရိုက်လို့မရခြင်းပင်ဖြစ်ပါသည်။
ဒီပြသာနာမျိုးက အထက်ကဖော်ပြထားသည့်ပုံစံနှင့်မတူပဲ Camera အလုပ်လုပ်ရန်
Volt အားပြတ်တောက်သည့် ပုံစံဖြစ်ပါသည်။ သုံးစွဲထားသည့် ပါဝါအိုင်စီ ကွဲပြားသည့်အလျောက်
ဗို့ကျွေးပုံခြင်းမတူညီကြပေ။ တစ်ချို့ ပါဝါအိုင်စီကပင် ဗို့ကို တိုက်ရိုက်ကျွေးလေသည်။
အသုံးများတဲ့ဗို့တွေကတော့ 1.8V , 2.8V တွေပဲဖြစ်ပါတယ်။ တချို့ပါဝါအိုင်စီများကျတော့
Camera အလုပ်လုပ်ရန် ဗို့အားကို တည်ဆောက်ပုံအရကိုယ်တိုင်မထုတ်တော့ပဲ
DC to DC ဖြင့်ထုတ်ကြလေသည်။ အ၀င်ဗို့ကို ဘက်ထရီသို့မဟုတ် FET ထွက်လာသော
လမ်းကြောင်းမှ ယူ၍ CPU က enable လုပ်လိုက်သောအခါ အထွက်မှာ Camera က ရယူမည့်ဗို့ကို
ထုတ်ပေးလေသည်။ လမ်းကြောင်းပြတ်တောက်၍ သော်လည်းကောင်း DC to DC အ၀င်ဗို့ ငတ်၍
သော်လည်းကောင်း Camera အလုပ်မလုပ်နိုင်တော့ပေ။
ဖြေရှင်းပုံမှာ အ၀င်ဗို့ငတ်လျှင် ရယူထားသည့် လမ်းကြောင်းကိုဆက်ပေးလိုက်ရုံဖြစ်သည်။
အ၀င်ဗို့ပေးသွင်းသော်အခါ DC to DC မှာ အမြဲတမ်း Filter C တစ်လုံးခံ၍ ပေးပို့တတ်သည်။
၎င်း C မှာ ကျော်၍လည်းကောင်း တခါတခါ ၄င်း C ကိုယ်တိုင်ရေ၀င်ပြီး လမ်းကြောင်းပြတ်တောက်
သော်အခါ ကျန်ရှိသော ခဲပွိုင့် အပေါင်း Gnd ခွဲ၍ အပေါင်းဆိုလျှင် ၄င်းခဲပွိုင့်လေးမှာ ကြိုးတစ်စထုတ်၍
အ၀င်ကိုဆက်ပေးခြင်းဖြင့်လည်းကောင်းဖြေရှင်းနိုင်သည်၊ နောက်တစ်မျိုးမှာ DC to DC ကိုယ်တိုင်
PGA Point တွေပျက်စီးသည့်အခါ အစားထိုးစရာက မရှိလျှင် အ၀င် နှင့် အထွက် ကိုဆက်ပေးခြင်းဖြင့်
ဖြေရှင်းနိုင်ပေသည်။ ဒီနေရာမှာ အ၀င် အထွက် ပင်တွေကို ဘယ်လိုသိနိုင်မယ်ဆိုလျှင် Gnd ကိုရှာပြီး
Gnd ပင် အပေါ်က အထွက် မျက်နှာချင်းဆိုင်က အ၀င် အောက်က enable ပင် လို့သိရှိနိုင်ပါသည်။

အားလုံးအဆင်ပြေကြပါစေ
ဆုကြီးပန်ကိုရိုးမင်းအောင်
ဆုကြီးပန်မိုဘိုင်းဖုန်းအဆင့်မြင့်ကျွမ်းကျင်သင်တန်း

မိုဘိုင်းဖုန်းပြုပြင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုချင်သူများ
မိုဘိုင်းသင်တန်းတစ်ကြိမ်တတ်ပြီး Hardware အကြောင်းကိုဘာမှနားမလည်သူများ
မီတာကောင်းကောင်းမတိုင်းတက် Componets အကြောင်းနားမလည်
အိုင်စီတွေကို ကိုယ်တွယ်ရမှာကြောက်နေသူများ၊
Diagram မကြည့်တတ်သူများ ဆိုင်ဖွင့်ပြီး ပတ်လမ်းပိုင်းကိုနားမလည်ပဲ
ဖြုတ်တတ်လဲမှာ တ၀ဲလည်လည်ဖြစ်နေသူများ
သင်တန်းတစ်ကြိမ်ဆင်းပြီး ယောင်လည်လည်ဖြစ်နေသူများ
ဆိုင်ဖွင့်ပြီးမယုံမရဲဖြင့် ဖြုတ်တတ်လဲဖြင့် ကျင်လည်နေသူများ

ဆုကြီးပန်မိုဘိုင်းနှင့်ကွန်ပျူတာ
Training & Services Center
ယုံကြည်တယ်ဆို လာခဲ့ပါမိတ်ဆွေ
သင့်ပြောင်းလဲမှုတွေကို တွေ့ရမှာပါ။
ဆက်သွယ်ရန် - 0973901110,09448010824

No comments:

Post a Comment

Note: Only a member of this blog may post a comment.