sgp

sgp

Wednesday, April 26, 2017

Mobileဖုန်းပေါ်ရှိပါဝင်သောအစုအဖွဲ့များကိုလေ့လာကြည့်ခြင်း အပိုင်း၂











Mobileဖုန်းပေါ်ရှိပါဝင်သောအစုအဖွဲ့များကိုလေ့လာကြည့်ခြင်း











သိစေချင်သည် ကျေးဇူးရှင် စက်ပြုပြင်သူ Customer

ပါဝါမလာသောရေ၀င်ဖုန်းများကိုပြုပြင်ရာတွင်
ရေသည်ဖုန်းတစ်လုံးလုံးကိုဝင်ထားပါသဖြင့်
ဘယ်အစိတ်အပိုင်းမှ ကောင်းပါသည်ဟု
စမ်းသပ်၍မရပါ ဖုန်းတစ်လုံးလုံးရေ၀င်ထားသဖြင့်
Touch အစ speaker , mic , sim , network ပိုင်း
LCD အဆုံး အကုန်ပျက်နေနိုင်ခြေရှိပါသည်။
ရေ၀င်ပြီး ပါဝါမနိုးသည် အလုံးဖြစ်သည်အလျောက်
ပါဝါနိုးသွားမှာသာလျှင် မိမိတို့ဖုန်း၏ LCD အခြေအနေ
Touch အခြေအနေ Spaker ရမရ လိုင်းသုံးရမရအခြေ
အနေများကိုသိရှိရမှာဖြစ်ပါတယ် မိမိတို့ဖုန်း၏ရေ၀င်ထားမှု
အခြေအနေပေါ်ကိုမူတည်ပြီး ကောင်းတဲ့အစိတ်အပိုင်းကောင်း
ပျက်တဲ့အစိတ်အပိုင်းပျက်နေမှာဖြစ်ပါတယ် ရေ၀င်ပမဏနည်း
သောဖုန်းများ ရေ၀င်သဖြင့် ဆိုင်ကိုစောစီးစွာလာသောဖုန်းများမှာ
တော့ အခြားအစိတ်အပိုင်းများ ပျက်စီးနိုင်ခြေနည်းပါးပါတယ်
ရေ၀င်ပြီး အချိန်ကြာမြင့်ပြီး ရောက်ရှိလာပြီးမှာ ရောက်လာသော
ဖုန်းများကတော့ ပါဝါနိုးပြီးသည်တိုင် အခြားအစိတ်အပိုင်းများ
ပျက်စီးနိုင်ခြေများနေပါပြီ ဒီအတွက်ကြောင့် မိမိတို့ Service ဆိုင်
အနေနှင့်လည်းပါဝါနိုးရုံကိုသာအာမခံနိုင်ပြီး ဒီပြင်အစိတ်အပိုင်းများကို
အာမခံမပေးနိုင်ပါ ပြုပြင်သူCustomer များသည် ပျက်စီးသည့်အစိတ်အပိုင်း
ကိုထပ်မံပြုပြင်ရမှာကိုသိရှိရမှာဖြစ်ပါတယ်။

တချို့ Customer များက......................................
ထိုအကြောင်းကို ဂဃနဏ ရှင်းပြသည်ကို နားလည်သဘောက်ပေါက်ပြီး
တချို့ Customer များက ဂဃနဏ ရှင်းပြသည်ကို နားမလည်ပဲ
ပါဝါလာရုံတောင်းထားသည့် Service Fee ကို အကုန်လုံးကောင်းရမည်
မှတ်ကာ ပါဝါနိုးသော်အခါ ပါဝါကတော့နိုးပြီး ရေ၀င်ထားတဲ့အတွက် LCDကတော့ပြတ်သွားပါတယ် Touch ကတော့
မရတော့ပါဘူး ဒါတွေကတော့ ထပ်မံလုပ်ရပါမယ်
ထပ်ခါထပ်ခါ ရှင်းပြသော်လည်း ကိုယ်ထင်ရာကိုယ်ပြောပြီး
အောက်တန်းကျစွာ အော်ဟစ်ကြိမ်းမောင်းသည်ကို စာရေးသူကြုံဖူးပါတယ်
နင်တို့ကဘယ်လိုလုပ်တာလဲ ပိုက်ဆံတွေကုန်သွားပြီ ကောင်းလဲကောင်းမလာဘူး
ပိုက်ဆံကျတော့ မတရားယူတယ် စသဖြင့်ကိုယ့်အိမ်ကိုယ်ယာ မဟုတ်တိုင်း
သူတစ်ပါးကောင်းရာကောင်းကြောင်း ရောင်းဝယ်ဖောက်ကားနေသော နေရာတွင်အော်ဟစ်ကောက်ပေါက် စသဖြင့် ရုတ်ရင်းကြမ်းတမ်းစွာပြုမှုခြင်းများဖြစ်သည့်
ဒီလိုအဆင့်အတန်းမရှိတဲ့ လုပ်ရပ်ကိုရှုတ်ချပါတယ်
လောကမှ အကောင်းအဆိုးဒွန်တွဲတာကို လက်ခံပါတယ် ကောင်းတာရှိတယ်
ဆိုးတာရှိတယ် စာရေးသူခံယူချက်ကတော့ ကိုယ့်ကိုယုံကြည်လို့အပ်နှံထားသည်
Customer များ၏စက်များကို အကောင်းမွန်ဆုံးပြုပြင်ပေးပြီးကောင်းရင်ကောင်းတယ်
မကောင်းရင်မကောင်းဘူး မိမိတို့၏စက်ပစ္စည်းများကို တာဝန်ယူဖြေရှင်းပေးပါတယ်
သူများမသဒ္ဓါရေစာ ကိုမစားဘူး အသက်မရှင်ဘူး စအပ်ကတည်းက ဈေးစကားပြောတယ်
ဈေးကိုကြိုက်နှစ်သက်ပြီဆိုမှ အလုပ်လုပ်ပါတယ်






ဖုန်းတစ်လုံးပါဝါလာရန်အရေးကြီသည့် ထောက်ပံသည့်ဗို့အားကို PMUမှ မည်သို့မည်ပုံထုတ်ယူသည်ကိုလေ့လာခြင်း



ဖုန်းတစ်လုံးပါဝါလာရန် အရေးကြီသည့် ထောက်ပံသည့်ဗို့အားကို
ဘက်ထရီမှ Address Name Vbat အဖြစ်ထွက်ရှိလာပြီးFET(Field Effect Transistor) ပါဝါအဖွင့်အပိတ်လုပ်ငန်းစဉ်အတွက်
တာဝန်ထမ်းဆောင်သည့် Drain ငုတ်ဘက်သို့ရောက်ရှိလာပြီး
အတွင်းတည်ဆောက်မှုအဖြစ်  Diode တစ်လုံးခံကာ Source ငုတ်မှာ
VPH-PWR လမ်းကြောင်းအဖြစ် PMU သို့စက်နိုးရန်အရေးကြီးသော Processor Voltage,Core Voltage Supply Volt များကိုပေးသွင်းလေသည် ပါဝါခလုတ်ကနေစက်နှိုးSignal ကိုရရှိသောအခါ CPU သို့ Voltage Regulator လမ်းကြောင်းများဖြစ်သော Switching လမ်းကြောင်းများ EMMC(Embedded Multimedia Card)Ramနဲ့Rom အတွက် လိုအပ်သောဗို့အားများ အခြား Digital Pad များသို့ Linear လမ်းကြောင်းများအဖြစ်ထွက်ရှိလာပြီး အသီးသီးတာဝန်
ထမ်းဆောင်ကြလေသည် ။၎င်းပတ်လမ်းမျိုးကို မိုဘိုင်းခေတ်ဦး
C8813 ခေတ်စားစဉ် သုံးစွဲခဲ့ပါသည်။
ပုံစံမှာ
Battery VBAT – FET – VPH-PWR – PMU သွားသောပုံစံဖြစ်သည်
ဖုန်းတစ်လုံးပါဝါလာရန်အရေးကြီသည့်အလျောက်ထောက်ပံသည့်
ဗို့အားကိုPMUမှမည်သို့မည်ပုံထုတ်ယူသည်ကိုလေ့လာခြင်း
ဖြစ်သည့်အလျောက် ဒီထုတ်ယူသည့် ပုံစံအတွင်းက ပြသာနာတစ်ခုခု
တက်လျှင် ပါဝါပျောက်နိုင်ပါသည်။ ဥပမာ ရှော့ဖြစ်တာမျိုး ဒါဆို အထက်မှာပြောခဲ့သည့် Form ပုံစံအတိုင်း ဘယ်နေရာမှာဖြစ်သလဲဆိုတာကို အဖြေရှာရမည်ဖြစ်သည်။

 

နောက်ပိုင်း Huawei 610-U00 ခေတ်စားလာသည် 610 မှာ ရိုးရိုး နဲ့ 610+ ဆိုပြီးနှစ်မျိုးရှိသည် 610 ရိုးရိုး မှာ FET မပါဝင်ပေ
PMU အတွက်လိုအပ်သော ဗို့အားများကို ဘက်ထရီပတ်လမ်း
VBAT မှပင် PMU သို့ တိုက်ရိုက်ပေးသွင်းလေသည်။
အဲတော့ ပုံစံမှာ
Battery – VBAT – PMU
 





610+ ကတော့ FET ပါလာသည့်ဖြစ်သည့်အတွက်
Battery – VBATT – FET – VBAT – PMU ပုံစံမျိုးပေးသွင်းလေသည်
၎င်းပတ်လမ်းမျိုးကို 730-U00 မှာသုံးစွဲလေသည်
အခုလိုသုံးစွဲသည့်ပုံစံနှင့် အထက်ပြောခဲ့သည့် ပုံစံကျတော့ ကွာခြားမှုရှိပါသည်။ PMU အတွက် လိုအပ်သော ဗို့အားကိုထုတ်ယူသည့်
ပုံစံများခြားနားပါသည် အဘယ်ကြောင့်ဆိုသော် သုံးစွဲသည့် CPU အလျောက် PMU ကထုတ်ယူသုံးစွဲသည့် ပုံစံကွာခြားပါသည်။


 



ကဲနောက်တစ်မျိုး
C8816D, C8816,G6-C00,G6-U00 မှာကျတော့ CPU Qualcomနှင့်
PMU8110 ကိုသုံးစွဲလာပြန်ပါပြီ ၄င်းပတ်လမ်းမှာတော့ FET ကိုအပြင်
တည်ဆောက်မှုဖြင့်မတွေ့ရပဲ PMU အတွင်းမှာ ထည့်သွင်းတည်ဆောက်
ထားသည်ကိုတွေ့ရှိရသည် အကြောင်းမှာ ဘက်ထရီမှာ VBAT သည်
PMU သို့တန်းဝင်၍ VPH-PWR ဖြင့်ထွက်ရှိလာပြီး ၄င်း VPH-PWR
ကပင် PMU အတွက်လိုအပ်သောဗို့အားများကို ထုတ်ပေးထားသည်
ကြည့်ခြင်းအားဖြင့် FET သည် PMU ၏အထဲမှာထည့်သွင်း
တည်ဆောက်ထားသည်ကိုသိရှိနိုင်သည်
အဲတော့ ပုံစံမှာ
Battery – VBAT – PMU – VPH-PWR – PMU ဖြစ်လေသည်။
စက်နိုးရန်လိုအပ်သည့် အရေးကြီးသည့် Volt အားများထုတ်ယူရန်ဖြစ်သည့်အလျောက် ပါဝါမနှိုး ရှော့ကျရင်လည်း
အရေးကြီးသည့် လမ်းကြောင်းများဖြစ်လေသည်။
အဖြစ်များဆုံးနာမည်ကြီးနေသည့် PMU ထောင့်စွန်းပူလို့ ဖြုတ်ပြီး ပြန်ထိုင်
တယ် မထူးဘူး အရင်အခြေအနေအတိုင်းပဲ ဆိုသည့်ပြသာနာများသည်
ဒီ ပါဝါအိုင်စီဘယ်လိုပုံစံထုတ်ယူထားသည့်ကို သိရှိခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည် ၄င်းပုံစံကိုဘယ်လိုပုံစံဖြေရှင်းရသည်ကို
နောက်စာမျက်နှာများတွင် ဆက်လက်ဖတ်ရှုပါ မိတ်ဆွေ
 

ဆုကြီးပန်မိုဘိုင်း Seriver & Training Center

တိုက်အမှတ်(A-4)၊မြင်တော်လမ်းနှင့်ဇင်္ဂမလမ်းဒေါင့်၊
KBZ Bank အပေါ်တတိယထပ်
Ph. 09 73901110, 09 448010824