sgp

sgp

Friday, August 16, 2013

ဆုကြီးပန် Version 3.0 လာပြီ




အားလုံးဖတ်ပေးကြပါ။

ဆုကြီးပန် Version 2.0 မှာ ပြသာနာများရှိခဲ့ပါသောကြောင့်
 Link များကိုဖျက်သိမ်းလိုက်ပါတယ်။
Version 2.0 ဒေါင်းထားသူများလည်း ၄င်းကို Uninstall လုပ်၍
ယခုလာမည့် Version 3.0 ကိုဒေါင်းပါ။
ဆုကြီးပန် Version 3.0 ကိုအဆင့်မြင့်တင်ပြီး
 အကောင်းမွန်ဆုံးဖြစ်အောင်ဆောက်ရွက်နေပါတယ်

ဆုကြီးပန်




ဖွဟဲ့

ဖွဟဲ့ဆိုလိုဘာတုန်းလဲသိချင်ကြမယ်နော်!................................................
လူမူရေး၊စီးပွားရေး၊ကျန်းမာရေး၊အားကစား၊နည်းပညာကဏ္ဍစုံလင်စွာပါဝင်သော
Android Phone သုံး Application ဖြစ်ပါတယ်။


ဖွဟဲ့ application ကို ဒီမှာဒေါင်းလိုက်ပါ။


Monday, August 12, 2013

GOthere Myanmar 2013 Version ထွက်ပြီ

Gothere Myanmar.apk ကို install လုပ်ထားပါက
နေ့စဉ် နောက်ဆုံးရသတင်းများ ရနိုင်ခြင်း
အသုံးဝင်လမ်းညွှန်များပါခြင်း
တည်နေရာအချက်အလက်များ ရနိုင်ခြင်း
Business Directory
Bus Directory
Street Directory
Phone Finder,
GPS Tracking စနစ်များပါဝင်ခြင်းကြောင့် အသုံးပြု၍ကောင်းသော
Application ကောင်းတစ်ခုဖြစ်သည်။

GOthere Myanmar 2013 Version  ဒီမှာဒေါင်းလိုက်ပါ။




GOthere Myanmar 2013 Versionအသစ်မှာ ပြောင်းလဲတိုးတက်လာသောအားသာချက်များကို
အောက်မှာဖော်ပြပါထားအတိုင်းလေ့လာလို့ရပါပြီ




Wednesday, August 7, 2013

V Root Version အသစ်ထွက်တိုင်းဒေါင်းနိုင်ပြီ


 အနီဝိုင်းပြထားသောနေရာကို နှိပ်၍ဒေါင်းလုပ်လုပ်ပါ။
V Root Version အသစ် ဒေါင်းလုပ်လုပ်ရန် ဒီကိုနှိပ်ပါ။

ပြည်တွင်းတွင် အသုံးပြုရန်အတွက် အင်တာနက်ဆက်ကြောင်းသစ် Sea Me We 5


ပြည်တွင်းတွင် အသုံးပြုရန်အတွက် အင်တာနက်ဆက်ကြောင်းသစ် Sea Me We 5 ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်းတစ်ခုကို ထပ်မံချိတ်ဆက်သွားရန် စီစဉ်ထားရာ ပြီးစီးမှုအတွက် အချိန်နှစ်နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြောသည်။
Sea Me We 5 ဖြင့် ချိတ်ဆက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီဖြစ်သည့် China Unicom နှင့် သဘောတူစာချွန်လွှာကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက လက်မှတ်ထိုးခဲ့ပြီးဖြစ်သည်။ Sea Me We 5 နှင့် ချိတ်ဆက်မှုကို ငါးလအတွင်း ချိတ်ဆက်သွားမည်ဆိုသောသတင်းများ ထွက်ပေါ်နေမှုမှာ မဟုတ်ကြောင်းလည်း ဦးစိုင်းစောလင်းထွန်းက ပြောသည်။ ၎င်းက “နောက်ငါးလနဲ့တော့ ချိတ်ဆက်လို့ မပြီးပါဘူး။ အင်တာနက်ကေဘယ်လ် အသစ် ထပ်မံချိတ်ဆက်ဖို့ဆိုတာ အနည်းဆုံး နှစ်နှစ်လောက်ကြာတယ်။ လောလောဆယ်တော့ Sea Me We 5 ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ MOU (နားလည်မှုစာချွန်လွှာ) ထိုးထားပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက်ဆက်သွယ်မှုအတွက် Cross Border (နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက် ကြောင်း)၊ Sea Me We 3 အင်တာနက်ဆက်ကြောင်း၊ INTELAST 9, MEASAT 3, THAICOM 5 ဂြိုဟ်တုစနစ်တို့ကို ချိတ်ဆက် အသုံးပြုနေပြီး Sea Me We 3 ကို အဓိကထားသုံးစွဲနေရခြင်းဖြစ်သည်။ ပြည်တွင်းတွင် လက်ရှိအဓိကထားသုံးစွဲနေရသော ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်းများ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပါက အစားထိုး အသုံးပြုနိုင်မည့် အင်တာနက်ကေဘယ်လ်ဆက်ကြောင်းတစ်ခုမှာ မဖြစ်မနေ လိုအပ်လာမည်ဟု ပြည်တွင်းအိုင်စီတီပညာရှင်များက သုံးသပ်ကြသည်။ အိုင်တီပညာရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက “နောက်ပိုင်း Mobile Banking တွေလုပ်လာမယ်၊ ပြည်ပအော်ပရေတာတွေ ၀င်လာမယ်ဆိုရင် အရန်ဖိုင်ဘာဆက်ကြောင်းတစ်ခုက မဖြစ်မနေလိုအပ်လာပြီ။ အင်တာနက် Bandwidth ကတော့ လိုအပ်သလို ၀ယ်ယူနိုင်ဖို့ အဲဒီ Sea Me We 5 ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိပြီးဝယ်လို့ရတယ်”ဟု ပြောသည်။
လက်ရှိအသုံးပြုနေသော အာရှ-ဥရောပ ရေအောက်ကေဘယ်လ် Sea Me We 3 ကို နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခု၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃၄ သန်း ရင်းနှီးမြှုပ်နှံကာ ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာသန်း ၃၀ ခန့် ပါဝင်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ Sea Me We 3 ကေဘယ်လ်ဆက်ကြောင်းသက်တမ်းမှာ နှစ် ၃၀ ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အသုံးပြုနေသည်မှာ နှစ် ၂၀ ကျော်ကြာမြင့်နေပြီဖြစ်သည်။ ထို့ပြင် ထပ်မံချိတ်ဆက်ရန် ဆောင်ရွက်နေသည့် Sea Me We 5 ကေဘယ်လ်ဆက်ကြောင်းကို မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံက ချိတ်ဆက် အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါချိတ်ဆက်မှုအတွက် တရုတ်နိုင်ငံမှ China Unicom ကုမ္ပဏီက ကူညီမည်ဖြစ်သည်။

 credit to:Mizzima – News in Burmese

ဖုန်းဖြင့်အင်တာနက်လျှောက်ထားရာတွင် ပေးပို့ရမည့် message ကို ဒီအတိုင်းပေးပို့၍လျှောက်ထားနိုင်


MPT ၏ GSM, WCDMA ဖုန်းလိုင်းများတွင် Internet service ရယူနိုင်ရန်အတွက် 1331 နံပါတ်သို့ အောက်ပါအတိုင်း SMS ပေးပို့ပြီး အင်တာနက် လျှောက်ထားနိုင်ပါသည်။ဖော်ပြပါအတိုင်း
"Orderdata service"  O (အို)ကို စာလုံးအကြီးဖြင့်ရိုက်ရမည်ဖြစ်သည်။ – Orderdata ကို တစ်ဆက်တည်းရိုက်ရမည်ဖြစ်သည်။ - Orderdata နောက်တွင် space (နေရာလွတ်) တစ်ချက်ခြားရန်လိုအပ်သည်။ – s (အက်စ်)ကို စာလုံးအသေးဖြင့်ရိုက်ရမည်ဖြစ်သည်။ မှတ်ချက် ။ ။ အင်တာနက် ဝန်ဆောင်မှု ရယူနိုင်ရန် ဝန်ဆောင်ခ ၁၀၀၀၀ ကျပ်ကို ကြိုတင် Bill မှ အလိုအလောက် ဖြတ်တောက်မည်ဖြစ်သဖြင့် ကြိုတင် Bill လက်ကျန်ငွေမှာ ၁၀၀၀၀ ကျပ် အထက် ရှိရန်လိုအပ်ပါသည်။ အဆင်မပြေမှုများရှိပါက MPT ၏ Call Centre ဖုန်းနံပါတ် 1876 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
credit to:Sm3