sgp

sgp

Wednesday, April 26, 2017

သိစေချင်သည် ကျေးဇူးရှင် စက်ပြုပြင်သူ Customer

ပါဝါမလာသောရေ၀င်ဖုန်းများကိုပြုပြင်ရာတွင်
ရေသည်ဖုန်းတစ်လုံးလုံးကိုဝင်ထားပါသဖြင့်
ဘယ်အစိတ်အပိုင်းမှ ကောင်းပါသည်ဟု
စမ်းသပ်၍မရပါ ဖုန်းတစ်လုံးလုံးရေ၀င်ထားသဖြင့်
Touch အစ speaker , mic , sim , network ပိုင်း
LCD အဆုံး အကုန်ပျက်နေနိုင်ခြေရှိပါသည်။
ရေ၀င်ပြီး ပါဝါမနိုးသည် အလုံးဖြစ်သည်အလျောက်
ပါဝါနိုးသွားမှာသာလျှင် မိမိတို့ဖုန်း၏ LCD အခြေအနေ
Touch အခြေအနေ Spaker ရမရ လိုင်းသုံးရမရအခြေ
အနေများကိုသိရှိရမှာဖြစ်ပါတယ် မိမိတို့ဖုန်း၏ရေ၀င်ထားမှု
အခြေအနေပေါ်ကိုမူတည်ပြီး ကောင်းတဲ့အစိတ်အပိုင်းကောင်း
ပျက်တဲ့အစိတ်အပိုင်းပျက်နေမှာဖြစ်ပါတယ် ရေ၀င်ပမဏနည်း
သောဖုန်းများ ရေ၀င်သဖြင့် ဆိုင်ကိုစောစီးစွာလာသောဖုန်းများမှာ
တော့ အခြားအစိတ်အပိုင်းများ ပျက်စီးနိုင်ခြေနည်းပါးပါတယ်
ရေ၀င်ပြီး အချိန်ကြာမြင့်ပြီး ရောက်ရှိလာပြီးမှာ ရောက်လာသော
ဖုန်းများကတော့ ပါဝါနိုးပြီးသည်တိုင် အခြားအစိတ်အပိုင်းများ
ပျက်စီးနိုင်ခြေများနေပါပြီ ဒီအတွက်ကြောင့် မိမိတို့ Service ဆိုင်
အနေနှင့်လည်းပါဝါနိုးရုံကိုသာအာမခံနိုင်ပြီး ဒီပြင်အစိတ်အပိုင်းများကို
အာမခံမပေးနိုင်ပါ ပြုပြင်သူCustomer များသည် ပျက်စီးသည့်အစိတ်အပိုင်း
ကိုထပ်မံပြုပြင်ရမှာကိုသိရှိရမှာဖြစ်ပါတယ်။

တချို့ Customer များက......................................
ထိုအကြောင်းကို ဂဃနဏ ရှင်းပြသည်ကို နားလည်သဘောက်ပေါက်ပြီး
တချို့ Customer များက ဂဃနဏ ရှင်းပြသည်ကို နားမလည်ပဲ
ပါဝါလာရုံတောင်းထားသည့် Service Fee ကို အကုန်လုံးကောင်းရမည်
မှတ်ကာ ပါဝါနိုးသော်အခါ ပါဝါကတော့နိုးပြီး ရေ၀င်ထားတဲ့အတွက် LCDကတော့ပြတ်သွားပါတယ် Touch ကတော့
မရတော့ပါဘူး ဒါတွေကတော့ ထပ်မံလုပ်ရပါမယ်
ထပ်ခါထပ်ခါ ရှင်းပြသော်လည်း ကိုယ်ထင်ရာကိုယ်ပြောပြီး
အောက်တန်းကျစွာ အော်ဟစ်ကြိမ်းမောင်းသည်ကို စာရေးသူကြုံဖူးပါတယ်
နင်တို့ကဘယ်လိုလုပ်တာလဲ ပိုက်ဆံတွေကုန်သွားပြီ ကောင်းလဲကောင်းမလာဘူး
ပိုက်ဆံကျတော့ မတရားယူတယ် စသဖြင့်ကိုယ့်အိမ်ကိုယ်ယာ မဟုတ်တိုင်း
သူတစ်ပါးကောင်းရာကောင်းကြောင်း ရောင်းဝယ်ဖောက်ကားနေသော နေရာတွင်အော်ဟစ်ကောက်ပေါက် စသဖြင့် ရုတ်ရင်းကြမ်းတမ်းစွာပြုမှုခြင်းများဖြစ်သည့်
ဒီလိုအဆင့်အတန်းမရှိတဲ့ လုပ်ရပ်ကိုရှုတ်ချပါတယ်
လောကမှ အကောင်းအဆိုးဒွန်တွဲတာကို လက်ခံပါတယ် ကောင်းတာရှိတယ်
ဆိုးတာရှိတယ် စာရေးသူခံယူချက်ကတော့ ကိုယ့်ကိုယုံကြည်လို့အပ်နှံထားသည်
Customer များ၏စက်များကို အကောင်းမွန်ဆုံးပြုပြင်ပေးပြီးကောင်းရင်ကောင်းတယ်
မကောင်းရင်မကောင်းဘူး မိမိတို့၏စက်ပစ္စည်းများကို တာဝန်ယူဖြေရှင်းပေးပါတယ်
သူများမသဒ္ဓါရေစာ ကိုမစားဘူး အသက်မရှင်ဘူး စအပ်ကတည်းက ဈေးစကားပြောတယ်
ဈေးကိုကြိုက်နှစ်သက်ပြီဆိုမှ အလုပ်လုပ်ပါတယ်






No comments:

Post a Comment

Note: Only a member of this blog may post a comment.