sgp

sgp

Wednesday, June 1, 2016

Miracle Box Crack ဖြင့် firmware backup ဖမ်းနည်း


Miracle Box ဖြင့် MTK အလုံးများ Firmware Backup ဖမ်းနည်းလေးကို
===================================================
မသိသေးသူများအတွက် ရည်ညွှန်း၍ ရေးသားပါသည်။
Miracle Box ကိုယခုအခါ ၁၂၅၀၀၀ ၀န်းကျင်လောက်ဖြင့်ဝယ်ယူရရှိနိုင်ပါသည်။
၎င်းရဲ့အားသာချက်တွေကတော့ MTK , SPD အလုံးများကို Firmware Backup ဖမ်းနိုင်ခြင်း၊
င်္င်္Firmware ရေးနိုင်ခြင်း ၊ ခက်ခဲ၍ပြုလုပ်၍ မရနိင်သော အလုံးများကို
Root ဖောက်နိုင်ခြင်း ၊ Pattern , Pin , Password ဖြည်နိုင်ခြင်း
င်္င်္င်္FRP Lock ဖြည်နိုင်ခြင်း ၊ IMEI ရေးသားခြင်းများအပြင် ဒီအပြင် Menuများလည်းအများကြီးပါဝင်ပါတယ်
ဒါကြောင့် ဥာဏ်ရှိရင် ရှိသလောက် အသုံးချလို့ရမှာဖြစ်ပါတယ်
Box ရှိခြင်းနဲ့ မရှိခြင်းရဲ့ ကွာခြားချက်ကတော့
---------------------------------------------
Box ရှိသူက ထွက်သမျှ အသစ်ပေးတိုင်း Version ကိုအသုံးပြုနိုင်ပြီး ၄င်းနဲ့အတူထပ်မံပါလာသော
Menu များကို ထပ်မံသုံးစွဲနိုင်မှာဖြစ်ပါတယ်
Box မရှိသူကတော့ နိုင်ငံခြားမှာ Developer ကြီးများ Hunter လုပ်ထားသော Version ကိုသာလျှင်
အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ကဲစလိုက်ကြရအောင်!
လင့်ပေးထားသော MTK Driver ကို Download လုပ်ပါ။
Box မ၀ယ်နိုင်သူတွေအတွက်ကတော့ ညီငယ် developer ကိုဖြိုးချမ်းရဲ့
Where My Firmware မှာ Free Share ထားသော လင့်ကိုယူ၍ ချပေးထားပါတယ်။
အထူးမှာချင်တာကတော့ Box Crack အသုံးပြုသူများအနေဖြင့် Date တွင် နှစ်တစ်နှစ်နောက်ဆုတ်ထားပါ။
အသုံးပြုသောအခါ Anti Virus တပ်ဆင်ထားလျှင် အသုံးပြုနေစဉ်အတောအတွင်း ခဏပိတ်ထားပေးပါ။
၎င်းတို့ကို ဒေါင်းပြီး Driver ကို Install လုပ်ပါ။
အရင်ဆုံးဖုန်းကို Unknow Sources & USB Debugging on ပြီး Computer ဖြင့်ချိတ်ပါ။
Miracle Box ၏ Andriod > Read info တွင်ထားပါ။
USB Cable တွင် အမှန်ခြစ်၍ Start Buttom ကိုနှိပ်ပါ။
Hardware သို့ Chitset တွင်သုံးထားသော CPU ကိုကြည့်၍ မှတ်သားပါ။
ပြီးလျှင် MTK > Read တွင်ထားပါ။
မှတ်သားထားသော CPU နံပါတ်ကို Boot Select တွင် ရွေးချယ်ပါ။
ဥပမာ - MTK6572 ဖြစ်တယ်ဆိုကြပါစို့ Boot Select 8th boot mt65xx နေရာတွင်ရွေးချယ်ပါ။
(MTK for boot > 4th boot (auto select) , 8th boot MT65XX , 11th boot MT6582 တို့ဖြစ်ကြပါတယ်။)
Save as scatter တွင်အမှန်ခြစ်ပါ။(၄င်းကို ခြစ်ခဲ့ခြင်းဖြင့် Backup ဖမ်း၍ ထွက်လာသော Firmware ကို SP Flash Tool ဖြင့်လည်းပြန်ရေးနိုင်သည်။)
USB Cable တွင် အမှန်ခြစ်၍ Start Buttom ကိုနှိပ်ပါ။
ဖုန်းကိုချိတ်ဆက်ထားခြင်းမှ ဖြုတ်ပါ။
ပါဝါပိတ်ပါ။ ဘက်ထရီဖြုတ် ပြန်ထည့်၍ Computer ဖြင့်ချိတ်ပါ။
မှတ်ချက်။ ဘက်ထရီ အသေများကို ပါဝါပိတ် Volume Up Key နှိပ်၍ ချိတ်ပါ။
မိမိဖမ်းထားသော backup firmware ဖိုင်ကို ပြန်လည်ရေးသားချင်ပါက
MTK > Write တွင် ပြန်ထားပြီး Boot Select တွင် သက်ဆိုင်ရာ CPU နံပါတ်
ကိုSelect ပေး၍ bin firmware သို့ scatter ဖိုင်ကို ညွှန်းပြီး
USB Cable တွင် အမှန်ခြစ်၍ Start Buttom ကိုနှိပ်ကာ
firmware backup ဖမ်းစဉ်အခါကအထက်မှာပြောထားသည့်ချိတ်ဆက်နည်းအတိုင်း
ချိတ်ဆက်၍ ပြန်လည်ရေးသားနိုင်ပါသည်။
For MTK Driver
.............................................................................................
https://my.pcloud.com/publink/show…
Miracle Box Crack
.............................................................................................
https://my.pcloud.com/publink/show…
ဆုကြီးပန် Mobile Training ၏ အပတ်စဉ် (၄၈)ကို မေလ(၃)ရက်တွက်ထပ်မံဖွင့်လှစ်တော့မှာဖြစ်ပါတယ်
တက်ရောက်ရန် စိတ်ပါဝင်စားသူများ၊စာရင်းပေးသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါတယ်။
ဖုန်း-၀၉ ၇၃၉၀ ၁၁၁၀ ၊ ၀၉ ၄၀ ၁၆၀၀ ၈၉၁၊ ၀၉ ၄၄၈၀ ၁၀ ၈၂၄ ၊ ၀၉၇၉ ၆၇၀ ၇၀၃၄၊ ၀၉ ၃၆၈၇၆၈၈၉
ဝါသာနာပါလို့ပဲဖြစ်ဖြစ် ၊ ရည်မှန်းချက်တစ်ခုထားပြီး အတတ်ပညာကိုသင်ယူဖို့
လာရောက်သင်ကြားတယ်ဆိုတာကို ကျွန်တော်တို့ အပြည့်သိပါသည်။
ပညာရေးမှာ စိတ်ပါမ၀င်စားတော့လို့ အသက်မွေးကျောင်းပညာရပ်ဖြစ်တဲ့
မိုဘိုင်းပြုပြင်ပညာရပ်အဖြစ် အသက်မွေးကျောင်းပြုတော့မယ်ဆိုတာလည်း
ကျွန်တော်တို့သိရှိပါတယ်။ ဒါကြောင့် ဘ၀အတွက်အာမခံချက်ရှိမယ့်ပညာကို
ကျွန်တောတို့သင်ပေးပါတယ်။မျှော်လင့်ချက်တွေကို ကျွန်တော်တို့ရိုက်မချိုးပါဘူး
အပြောမဟုတ် အလုပ်နဲ့သက်သေပြမှာပါ။ဝါသာနာ ၊ ရည်မှန်းချက် ၊ သင်ယူချင်စိတ်
တစ်ခုနဲ့ ကျွန်တော်တို့ ဆုကြီးပန်မိုဘိုင်းသင်တန်းကိုလာခဲ့ပါ။
ဆုကြီးပန်ကသင်ရဲ့ ဘ၀အနာဂါတ်ကို တောက်ပအောင် ချယ်မှုန်းပေးနိုင်ပါတယ်။
ဘ၀ အတတ်ပညာပေးတဲ့နေရာမှာ သင်တန်းကြေးက များနေချင်များနေပါလိမ့်မယ်။
ဒါဟာ တစ်ဘ၀စာအတွက်ပါ။တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်။
တကယ်လုပ်ကြပြီဆိုရင် ပေးရတဲ့သင်တန်းကြေးကို
၃လအတွင်း ပြန်ရှာနိုင်ပါတယ်။ကျန်တာကတော့ ကိုယ့်အသက်ထက်ဆုံးပညာဖြင့်
ဝင်ငွေရှာ၍ ရပ်တည်နေနိုင်ပါတယ်။
အသေးစိတ် သင်တန်း Course များကိုလေ့လာချင်ပါက အောက်ပါလင့်များမှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။
http://www.sugyipan.blogspot.com/2016/03/blog-post_22.html
https://web.facebook.com/sugyipantraining/posts/1543580125934374

No comments:

Post a Comment

Note: Only a member of this blog may post a comment.