sgp

sgp

Monday, September 14, 2015

mic တစ်လုံး၏ ဆားကစ်ပတ်လမ်းတွင် အလုပ်လုပ်ပုံ

610-U00 ကို အခြေခံထားပါတယ်

mic အကြောင်းကိုပြောမယ်ဆိုရင် mic တစ်ခုအလုပ်လုပ်ဖို့ MICPO - (MIC input differential signal positive terminal)
data လမ်းကြောင်းအပေါင်းရယ် MICN0 - (MIC input differential signal negative terminal) data လမ်းကြောင်းအနုတ်ရယ်
မိုက်အလုပ်လုပ်ရန်လိုအပ်သော VMIC လို့ခေါ်တဲ့- (MIC Power Supply) မိုက်ဗို့ရယ်လိုအပ်ပါတယ်။
မိုက် အလုပ်လုပ်ပြီဆိုတာနဲ့ VMIC လို့ခေါ်တဲ့ မိုက်ဗို့ဟာ ပါဝါအိုင်စီ၏ V13 ငုတ်မှ C305 တစ်လုံးခံပြီး စတင်ထွက်ရှိလာပါတယ်။
ဒီနေရာမှာ မိုက်အလုပ်လုပ်ဗို့ကို ပါဝါအိုင်စီမှထွက်လာသော ဗို့ကိုတိုင်းကြည့်ရင် C305 ဟာ 1.9V ဖြစ်နေမှာပါ။ထိုမှတဖန်
filter အဖြစ် C1115 ကိုထားပြီး VMIC BIAS  ရီစစ်စတာ R1106 တစ်လုံးခံ၍ ထောက်ပံ့ပေးထားတာတွေ့ရပါတယ်။
ဒီနေရာမှာ အပေါင်းလမ်းကြောင်းက R1114 ရီစစ်စတာကို ခေါ်ယူပြီး VMIC BIAS  ရီစစ်စတာ အဖြစ် ခေါ်ယူတာဝန်ပေးထားတာကိုထပ်မံ
တွေ့ရှိရပါတယ်။ဒါအပြင် အထက်မှာပြောထားသည့်အတိုင်း ကောင်းမွန်သောမိုက်တစ်လုံး၏အခြေအနေအတွက် မိုက်အပေါင်းလမ်းကြောင်းနှင့်
အနုတ်လမ်းကြောင်းကျန်ရှိနေပါသေးတယ်။ကောင်းမွန်သော မိုက်တစ်လုံးရဲ့ MICP0 လို့ခေါ်တဲ့ ဒေတာအပေါင်းလမ်းကြောင်းဟာ
 ပါဝါအိုင်စီ၏ R12 ငုတ်မှ ထွက်ရှိလာပြီးC1120 ကွန်ဒက်ဆာတစ်လုံးခံ၍ C1111,C1119,R1114,C1105,D1102 တို့ကို
filter ပြုလုပ်ကာ L1105 ကွိုင်တစ်လုံးခံ၍အပေါင်းလမ်းကြောင်းကိုပေးသွင်းထားပါတယ်။
MICN0 လို့ခေါ်တာအနုတ်လမ်းကြောင်းဟာလည်း ပါဝါအိုင်စီ T12 ငုတ်မှ ထွက်ရှိလာပြီး C1120 ကွန်ဒက်ဆာတစ်လုံးခံ၍
C1121,C1110,C1111,R1114,C1114,D1102 filter ပြုလုပ်ကာ အနုတ်လမ်းကြောင်းအဖြစ်ပေးသွင်းထားပါတယ်။
ပြစ်ချက်လိုက်မယ်ဆိုရင် - မိုက်ဗို့ လမ်းကြောင်းမကောင်းလျှင် မိုက်ဗို့လမ်းကြောင်း၊အပေါင်းလမ်းကြောင်းမကောင်းလျှင် အပေါင်းစသဖြင့်
လိုက်ရမှာဖြစ်ပြီး အနုတ်ကတော့ ကိစ္စမရှိဘူးလို့ထင်ရပင်မယ် ဒီနေရာမှာ အနုတ်လမ်းကြောင်းပေါ်ကနေ မိုက်ဗို့ယူထားတာကိုတော့
သတိပြုရပါမယ်။ဒီနေရာမှာကြုံ့လို့ပြောချင်တာက610 အတွက် Mic စနစ် ဟာdouble noise reduction စနစ်ကိုအသုံးပြုထားတာတွေ့ရတာ
ဖြစ်တဲ့အတွက် noise များကင်းဝေးစေမှာပါ။ အကယ်၍ noise များ echo များဖြစ်ပေါ်လာပါက C1110,C1114 ပျက်နေပြီဆိုတာပါပဲ။
ဘာဖြစ်လို့လဲဆိုတာ ၄င်းတို့ဟာ RF လိုင်းတို့ကို Filter လုပ်ထားလို့ပါပဲ။ အဲလိုဖြစ်လာရင် ဘာလုပ်ရမလဲဆိုတော့ ဖြုတ်ချလိုက်ပါလို့ပြောရင်
နိဂုံးချုပ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.