sgp

sgp

Monday, August 24, 2015

EMMC လဲခြင်း ဆုကြီးပန်မိုဘိုင်းဆားဗစ် ကိုနောင်ရိုး

Qualcom သုံး G520-0000 Custom မှာလာအပ်ပါတယ်
supply ချိတ်တော့ 0.1 to 0.2ကြားမှာရပ်နေပါတယ်
ဘာများဖြစ်နိုင်ပါသလဲ
စဉ်းစားကြည့်ပါတယ်
ပါဝါကတော့ ပုံမှန်လေးအတိုင်းနိုးတယ်
ဒါပင်မယ့် boot အတက်မှာရပ်တာဆိုတော့
ပါဝါအိုင်စီခဏဖယ်ထားမယ် output coilတွေစစ်တယ် သက်ရောက်ဗို့တွေမှန်တယ်
ဒါဆို emmc dc to dc လေးတွေဗို့မှန်ကန်မူ ရှိမရှိစစ်တယ် 1.7, 2.8 အကုန်လုံးတွေ့တယ်
ဒါဆိုရင် emmcကြောင့်ဆိုပြီးကောက်ချက်ချလိုက်တာ
emmc ခွာတယ်
ပြန်တပ်ဖို့ 520-0000အဆင့်သင့်မရှိဘူး
ဒါနဲ့ တော်တော်များများ သက်ရောက်မူတူတဲ့
510-0000ကို အဟောင်းကဖြုတ်ပြီး ပြန်ကပ်ပါတယ်
Boot တော့တက်လာပါပြီ
emmc data 520 နဲ့ 510 မတူတဲ့အတွက် Firmware တော့ တက်မလာပါ
520-0000 build 189 ကိုတင်လိုက်ပါတယ်
Firmware တင်ပြီးသောအခါ ကောင်းမွန်စွာပဲ
တက်လာပါတယ်
ဒီနေရာ ရလိုက်တာ 510 emmc ကို 520 မှာတပ်တာအောင်မြင်တယ်ဆိုတာပါပဲ
အတွေ့အကြုံ့မျှဝေတာပါ လိုအပ်ရင်ယူသွားပါ



No comments:

Post a Comment

Note: Only a member of this blog may post a comment.