sgp

sgp

Monday, June 22, 2015

610-U00 မှာ အားသွင်းသော Linear Charger အလုပ်လုပ်ပုံ


အားသွင်းကြိုးထိုးလိုက်သောအခါ USB PIN No.1မှ V Bus အဖြစ်
Charging 5V ပေးသွင်းပါတယ်ပြီးနောက် RV905,C901,C904
တစ်ဆက်တည်းလမ်းကြောင်းဖြစ်သော D906 တို့ကို filter ပြုလုပ်၍
718 Transistor Pin No.4 Emitter(E4) မှတဆင့် Power IC သို့
VCDT လမ်းကြောင်းအဖြစ်ပေးသွင်းထားပါတယ်
Power IC မှ CHR LDO လမ်းကြောင်းအဖြစ် Q201 တွင် Gate
ပေးထားပါတယ် အားသွင်းခြင်း၊အားပြည့်သောအခါ ရပ်ခြင်း
command တွေကို၎င်းကပြုလုပ်ပြီး 718 Pin NO.3 Base(B3) ကိုပေးပါတယ်။
718 Transistor ရဲ့C1,C2,C3,C4 တွေဟာ Collector တွေဖြစ်၍IC ရေတွက်ပုံ
အရဆိုရင် 1,2,5,6 ဖြစ်ပြီး RV909 ခံ၍ VBat Battery ငုတ်အပေါင်းကိုချိတ်၍
အားသွင်းစေပါတယ်။ အားသွင်းသော လုပ်ငန်းစဉ်မှာ 718 Transistor က
main ကျပါတယ်။ အားသွင်းမြန်ခြင်း၊အသုံးမခံခြင်း၊မိုးကြိုးသွားပေါ်ပြီး အားမ၀င်
ခြင်းတို့ဟာ 718 ကြောင့်ပါ။သူနဲ့တစ်ဆက်တည်း RV909 လဲမေ့ထားလို့မရပါ။
သူကြောင့်လဲဖြစ်တတ်ပါတယ်

အထက်ပါပြောခဲ့သော ပြစ်ချက်များဖြစ်ပါက USB ငုတ်ကိုစစ်ပါ။
718 Transistor Volt ထွက် ကောင်းမကောင်း စစ်ပေးပါ။
ပြီးလျှင် Q201 FET Switching ကောင်းမကောင်းစစ်ပါ။
နောက်ဆုံးကတော့ Power IC တစ်ဆင့်ချင်းသွားရမှာဖြစ်ပါတယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.