sgp

sgp

Saturday, November 8, 2014

Y310 ဘက်လိုက်ပြုပြင်ခြင်း


ပုံပါအတိုင်း စက်နှိုးသော်လည်း မှိန်မှိန်လေးပေါ်ပါတယ်။ဒါဆိုရင်တော့ ဘက်လိုက်ကိုပြုပြင်ရမှာဖြစ်တယ်
ဘက်လိုက်အုပ်စုမှာ အကြမ်းဖျင်းအားဖြင့် ကွန်ရယ် ကွိုင်ရယ် ဒိုင်အုပ် ဘက်လိုက်ဒရိုက်ဘာရယ်ဆိုပြီးပါပါတယ်
စက်မနှိုးခင် တိုင်းတာကြည့်လျှင်အ၀င်ကွန်သည် VPH-PWRလမ်းကြောင်းနှင့်အတူ ၃.၃ ပေးသွင်းပါတယ် ဒီနေရာမှာ supply ပေါ်မူတည်ပြီး ပေးသွင်းဗို့ ကွာခြားနိုင်ပါတယ်
ဆက်လက်ပြီးကွိုင်တစ်ဖက်တစ်ချက်နဲ့ ဒိုင်အုပ်အရစ်ပါသော ဘက်ကိုတိုင်းတာပါ။ ၃.၃ တွေ့ရပါမယ်
တကယ်လို့ကွိုင်တစ်ဖက်မှ၃.၃ဗို့တွေ့၍ တစ်ဖက်တွင်မတွေ့ပါက ဘက်လိုက်ဒရိုက်ဘာလဲပေးရမည် ဒိုင်အုပ်တွင်လည်းဗို့ပြစရာအကြောင်းမရှိ
အပေါ်ပြောထားသော ကွိုင်နှင့်ဒိုင်အုပ် ဗို့တွေ့ရပါက စက်မနှိုးမှီ အိုကေပါပြီ
စက်နှိုးပြီး ပြန်တိုင်းကြည့်သော အ၀င်ကွန်သည် ၃.၈ ကွိုင်တစ်ဖက်တစ်ချက် ၃.၈ ဒိုင်အုပ်အရစ်ဘက် ၃.၈ ဒါဆိုရင် စက်နှိုးပြီးအိုကေပါပြီ(LCDတပ်မထားပါ) LCD တပ်ထားပါက
ဘက်လိုက်ဒရိုက်ဘာ သဘောတရားအရ ခုန်လိုင်းထွက်ပြီး ဒိုင်အုပ်တွင် အလင်းပံ့ပိုးပို့ လိုအပ်သော ၂၄ဗို့ ထုတ်ပေးပါသည်။
၎င်းဒိုင်အုပ် လားရာသည် LCD ဆော့ကဒ် နံပါတ်၃သို့ အ၀င်ပါ။ ဒီနေရာမှာ ၄င်းဗို့ထွက်ပြီး ဘက်လိုက်မရသောသူများအဖို့ LCD ၏ ဘက်လိုက်အပေါင်းဘက်သို့လှမ်းကျော်ပေးရမှာဖြစ်သည်။
ခုပြသာနာတွင် အပေါ်ကပြောခဲ့သည်အတိုင်း အနေအထားအမှန်တွင် ရှိခဲ့ပြီး LCD ဆော့ကဒ် နံပါတ်၃ သို့အ၀င်တွင် ပတ်လမ်းပြတ်နေသောကြောင့်
ပုံပါအတိုင်း ဒိုင်အုပ်နှင့်တစ်ဆက်တည်း အထွက်လမ်းကြောင်းကွန်မှ လှမ်းကျော်ပေးထားခြင်းဖြစ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.