ဖုန်းတစ်လုံးပါဝါလာရန် အရေးကြီသည့် ထောက်ပံသည့်ဗို့အားကို
ဘက်ထရီမှ Address Name Vbat အဖြစ်ထွက်ရှိလာပြီးFET(Field
Effect Transistor) ပါဝါအဖွင့်အပိတ်လုပ်ငန်းစဉ်အတွက်
တာဝန်ထမ်းဆောင်သည့် Drain ငုတ်ဘက်သို့ရောက်ရှိလာပြီး
အတွင်းတည်ဆောက်မှုအဖြစ် Diode တစ်လုံးခံကာ Source ငုတ်မှာ
VPH-PWR လမ်းကြောင်းအဖြစ် PMU သို့စက်နိုးရန်အရေးကြီးသော
Processor Voltage,Core Voltage Supply Volt များကိုပေးသွင်းလေသည် ပါဝါခလုတ်ကနေစက်နှိုးSignal
ကိုရရှိသောအခါ CPU သို့ Voltage Regulator လမ်းကြောင်းများဖြစ်သော Switching လမ်းကြောင်းများ
EMMC(Embedded Multimedia Card)Ramနဲ့Rom အတွက် လိုအပ်သောဗို့အားများ အခြား
Digital Pad များသို့ Linear လမ်းကြောင်းများအဖြစ်ထွက်ရှိလာပြီး အသီးသီးတာဝန်
ထမ်းဆောင်ကြလေသည် ။၎င်းပတ်လမ်းမျိုးကို မိုဘိုင်းခေတ်ဦး
C8813 ခေတ်စားစဉ် သုံးစွဲခဲ့ပါသည်။
ပုံစံမှာ
Battery VBAT – FET – VPH-PWR – PMU သွားသောပုံစံဖြစ်သည်
ဖုန်းတစ်လုံးပါဝါလာရန်အရေးကြီသည့်အလျောက်ထောက်ပံသည့်
ဗို့အားကိုPMUမှမည်သို့မည်ပုံထုတ်ယူသည်ကိုလေ့လာခြင်း
ဖြစ်သည့်အလျောက် ဒီထုတ်ယူသည့် ပုံစံအတွင်းက ပြသာနာတစ်ခုခု
တက်လျှင် ပါဝါပျောက်နိုင်ပါသည်။ ဥပမာ ရှော့ဖြစ်တာမျိုး
ဒါဆို အထက်မှာပြောခဲ့သည့် Form ပုံစံအတိုင်း ဘယ်နေရာမှာဖြစ်သလဲဆိုတာကို အဖြေရှာရမည်ဖြစ်သည်။
နောက်ပိုင်း Huawei 610-U00 ခေတ်စားလာသည် 610 မှာ ရိုးရိုး
နဲ့ 610+ ဆိုပြီးနှစ်မျိုးရှိသည် 610 ရိုးရိုး မှာ FET မပါဝင်ပေ
PMU အတွက်လိုအပ်သော ဗို့အားများကို ဘက်ထရီပတ်လမ်း
VBAT မှပင် PMU သို့ တိုက်ရိုက်ပေးသွင်းလေသည်။
အဲတော့ ပုံစံမှာ
Battery – VBAT – PMU
610+ ကတော့ FET ပါလာသည့်ဖြစ်သည့်အတွက်
Battery – VBATT – FET – VBAT – PMU ပုံစံမျိုးပေးသွင်းလေသည်
၎င်းပတ်လမ်းမျိုးကို 730-U00 မှာသုံးစွဲလေသည်
အခုလိုသုံးစွဲသည့်ပုံစံနှင့် အထက်ပြောခဲ့သည့် ပုံစံကျတော့
ကွာခြားမှုရှိပါသည်။ PMU အတွက် လိုအပ်သော ဗို့အားကိုထုတ်ယူသည့်
ပုံစံများခြားနားပါသည် အဘယ်ကြောင့်ဆိုသော် သုံးစွဲသည့်
CPU အလျောက် PMU ကထုတ်ယူသုံးစွဲသည့် ပုံစံကွာခြားပါသည်။
ကဲနောက်တစ်မျိုး
C8816D, C8816,G6-C00,G6-U00 မှာကျတော့ CPU Qualcomနှင့်
PMU8110 ကိုသုံးစွဲလာပြန်ပါပြီ ၄င်းပတ်လမ်းမှာတော့ FET
ကိုအပြင်
တည်ဆောက်မှုဖြင့်မတွေ့ရပဲ PMU အတွင်းမှာ ထည့်သွင်းတည်ဆောက်
ထားသည်ကိုတွေ့ရှိရသည် အကြောင်းမှာ ဘက်ထရီမှာ VBAT သည်
PMU သို့တန်းဝင်၍ VPH-PWR ဖြင့်ထွက်ရှိလာပြီး ၄င်း
VPH-PWR
ကပင် PMU အတွက်လိုအပ်သောဗို့အားများကို ထုတ်ပေးထားသည်
ကြည့်ခြင်းအားဖြင့် FET သည် PMU ၏အထဲမှာထည့်သွင်း
တည်ဆောက်ထားသည်ကိုသိရှိနိုင်သည်
အဲတော့ ပုံစံမှာ
Battery – VBAT – PMU – VPH-PWR – PMU ဖြစ်လေသည်။
စက်နိုးရန်လိုအပ်သည့် အရေးကြီးသည့် Volt အားများထုတ်ယူရန်ဖြစ်သည့်အလျောက်
ပါဝါမနှိုး ရှော့ကျရင်လည်း
အရေးကြီးသည့် လမ်းကြောင်းများဖြစ်လေသည်။
အဖြစ်များဆုံးနာမည်ကြီးနေသည့် PMU ထောင့်စွန်းပူလို့ ဖြုတ်ပြီး
ပြန်ထိုင်
တယ် မထူးဘူး အရင်အခြေအနေအတိုင်းပဲ ဆိုသည့်ပြသာနာများသည်
ဒီ ပါဝါအိုင်စီဘယ်လိုပုံစံထုတ်ယူထားသည့်ကို သိရှိခြင်းဖြင့်
ဖြေရှင်းနိုင်မည်ဖြစ်သည် ၄င်းပုံစံကိုဘယ်လိုပုံစံဖြေရှင်းရသည်ကို
နောက်စာမျက်နှာများတွင် ဆက်လက်ဖတ်ရှုပါ မိတ်ဆွေ
ဆုကြီးပန်မိုဘိုင်း Seriver & Training Center
တိုက်အမှတ်(A-4)၊မြင်တော်လမ်းနှင့်ဇင်္ဂမလမ်းဒေါင့်၊
တိုက်အမှတ်(A-4)၊မြင်တော်လမ်းနှင့်ဇင်္ဂမလမ်းဒေါင့်၊
KBZ Bank အပေါ်တတိယထပ်
Ph. 09 73901110, 09 448010824
Ph. 09 73901110, 09 448010824
No comments:
Post a Comment
Note: Only a member of this blog may post a comment.